Privacy Policy
နောက်ဆုံးပြင်ဆင်ရက် — ၂၀၂၆ ခုနှစ် ဇူလိုင်လ
၁။ နိဒါန်း
ZawJiMystic (“ကျွန်ုပ်တို့”၊ “ဤ Website”) သည် User Account သို့မဟုတ် Database မလိုအပ်ဘဲ Browser ပေါ်တွင်သာ ဟောကိန်းကို တွက်ချက်ပေးသော static web application ဖြစ်ပါသည်။ ဤ Privacy Policy တွင် အသုံးပြုသူများထံမှ မည်သည့်အချက်အလက်များကို ကောက်ယူသည်၊ မည်သို့ အသုံးပြုသည်ကို ရှင်းလင်းဖော်ပြထားပါသည်။
၂။ ကျွန်ုပ်တို့ Server သို့ မပို့ဆောင်၊ မသိမ်းဆည်းသော အချက်အလက်များ
- အမည် (Myanmar Name / English Name)
- မွေးသက္ကရာဇ် (DOB)
- ကျား/မ (Gender)
အထက်ပါအချက်အလက်များကို အသုံးပြုသူ၏ Browser (sessionStorage) ထဲတွင်သာ
ယာယီသိမ်းဆည်းပြီး ဟောကိန်းတွက်ချက်ရန် အသုံးပြုပါသည်။ ဤအချက်အလက်များကို ကျွန်ုပ်တို့၏
Server သို့ ပို့ဆောင်ခြင်း၊ Database တွင် သိမ်းဆည်းခြင်း လုံးဝ မပြုလုပ်ပါ။ Browser Tab
ပိတ်လိုက်သည်နှင့် ဤအချက်အလက်များ ပျက်သွားပါသည် (Share Link အဖြစ် ကူးယူထားပါက ထို Link
ထဲတွင်သာ ကျန်ရှိပါမည်)။
၃။ Google Analytics (GA4)
ဝန်ဆောင်မှုကို ပိုမိုကောင်းမွန်အောင် တိုးတက်ဖန်တီးနိုင်ရန် Google Analytics (GA4) ဖြင့် အသုံးပြုမှုဆိုင်ရာ အချက်အလက်အချို့ကို ကောက်ယူပါသည်။ ဥပမာ — Page ဖွင့်ကြည့်မှု၊ ဟောကိန်းထုတ်ယူမှု၊ Share နှိပ်မှု စသည်တို့ ဖြစ်ပါသည်။
အမည်၊ မွေးသက္ကရာဇ်၊ ကျား/မ (PII) တို့ကို Analytics Event များထဲတွင် လုံးဝ မထည့်သွင်းပါ။ Google Analytics ကိုယ်တိုင်က Browser/Device Identifier၊ IP Address (Anonymized) ကဲ့သို့သော Technical Data များကို standard အနေဖြင့် ကောက်ယူနိုင်ပါသည်။ ၎င်းကို Google ၏ Privacy Policy အရ စီမံခန့်ခွဲပါသည်။
၄။ Cookies
Google Analytics မှ Browser Cookie အချို့ ချမှတ်နိုင်ပါသည် (အသုံးပြုသူများ၏ ထပ်ခါထပ်ခါ ဖွင့်ကြည့်မှုကို ခွဲခြားသိရှိရန်)။ ကျွန်ုပ်တို့ဘက်မှ Login/Tracking Cookie များကို ကိုယ်တိုင် ချမှတ်ခြင်း မရှိပါ။
ဝက်ဘ်ဆိုက်သို့ ပထမဆုံး ဝင်ရောက်သည့်အခါ Cookie Consent Banner ပေါ်လာပြီး Analytics Cookie များကို "လက်ခံမည်" ကို နှိပ်မှသာ Google Analytics ကို အသက်သွင်းပါမည်။ လက်မခံဘဲ ဆက်လက်ကြည့်ရှုပါက Analytics Cookie များကို လုံးဝ ချမှတ်မည် မဟုတ်ပါ။
၅။ ကျွန်ုပ်တို့၏ ကတိကဝတ်
ကျွန်ုပ်တို့သည် အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်များကို ရောင်းချခြင်း၊ တတိယအဖွဲ့အစည်းသို့ မျှဝေခြင်း (Google Analytics မှလွဲ၍) လုံးဝ မပြုလုပ်ပါ။
၆။ ဆက်သွယ်ရန်
ဤ Privacy Policy နှင့် ပတ်သက်၍ မေးမြန်းလိုပါက support@zawji.net သို့ ဆက်သွယ်နိုင်ပါသည်။